Soba ခေါက်ဆွဲက ဆက်နွှယ်ပေးခဲ့တဲ့ သံယောဇဉ်နှောင်ကြိုး
ဂျပန့်အလုပ်အဘိဓာန် အစီအစဉ်ကနေ အလုပ်ခွင်အဖြစ် ဂျပန်နိုင်ငံကို ရွေးချယ်ခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းက လာတဲ့သူတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ဘဝအခြေအနေတွေကို မိတ်ဆက်ပေးနေပါတယ်။ အခုတစ်ကြိမ်မှာတော့ Kanagawa ခရိုင် Zushi မြို့မှာ ဂျပန့်ရိုးရာနည်းလမ်းကို အလေးပေးပြီး ချက်ပြုတ်ထားတဲ့ ပန်းဂျုံခေါက်ဆွဲ- Soba ရောင်းချနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား Muhammad Rezaul Karim ရဲ့ အကြောင်း နားဆင်ကြရပါမယ်။
မစ္စတာ Chowdhury ဟာ ၁၉၉၃ ခုနှစ်မှာ ဂျပန်နိုင်ငံကို ပညာတော်သင်အဖြစ်နဲ့ ပထမဆုံးရောက်လာခဲ့ပါတယ်။ ဘာရယ်မဟုတ်ဘဲ ဝင်ခဲ့တဲ့ Soba ဆိုင်မှာ sobaခေါက်ဆွဲကို ပထမဆုံးစားမိတဲ့အချိန် အဲဒီခေါက်ဆွဲရဲ့ ရိုးရှင်းတဲ့အရသာကို ချက်ခြင်း နှစ်သက်စွဲလန်းသွားခဲ့ပါတယ်။
မစ္စတာ Chowdhury က ဒီနေ့ပဲလတ်လတ်ဆတ်ဆတ် မုန့်သားကြိတ်၊ ဒီနေ့ပဲ ရောနယ်ဖြတ်တောက်၊ ပြုတ်ပြီး တည်ခင်းဧည့်ခံတဲ့ သူ့ soba ခေါက်ဆွဲကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းနေပါတယ်။
မစ္စတာ Kutsuma Hiroyuki (ဝဲ) ဟာ ဂျုံမှုန့်ကြိတ်ကုမ္ပဏီရဲ့သူဌေးဖြစ်ပါတယ်။ မစ္စတာ Chowdhury ရဲ့ ပြင်းပြတဲ့ စိတ်အားထက်သန်မှုကို သဘောကျပြီး soba ခေါက်ဆွဲလုပ်နည်းကို သင်ပေးခဲ့သူ ဖြစ်ပါတယ်။
Chowdhury ဟာ သူ့ စားသောက်ဆိုင်ရဲ့ ခေါင်မိုးထပ်မှာ စားသောက်စရာ လေဟာပြင်နေရာတစ်ခု ဆောက်ထားပါတယ်။ Zushi မြို့မြင်ကွင်းကို ကြည့်ရှုခံစားနိုင်ပြီး လွတ်လပ်မှုအပြည့်ရှိတာမို့ ဒီနေရာမှာ လာရောက်စားသုံးသူတွေအားလုံး ပြုံးပျော်နေကြပါတယ်။