စူရှီ ပညာရှင်ဖြစ်ဖို့ ရည်မှန်းကြိုးစားသူ
ဂျပန့်အလုပ် အဘိဓာန် အစီအစဉ်ကနေ အလုပ်ခွင်အဖြစ် ဂျပန်နိုင်ငံကို ရွေးချယ်ခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းက လာတဲ့သူတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ဘဝအခြေအနေတွေကို မိတ်ဆက်ပေးနေပါတယ်။ အခုတစ်ကြိမ်မှာတော့ တိုကျိုမြို့ရဲ့ ဂင်ဇာအရပ်မှာရှိတဲ့ စူရှီဆိုင်မှာ စူရှီ ပြုလုပ်ရာမှာ အထူးကျွမ်းကျင်သူ ဖြစ်ဖို့ ရည်မှန်းကြိုးစားနေတဲ့ တရုတ်နိုင်ငံဖွား အမျိုးသမီးစားဖိုးမှူး Wen Shuqi ရဲ့ အကြောင်း နားဆင်ကြည့်ကြရပါမယ်။
အသက် ၂၇ နှစ်အရွယ် Wen Shuqi ဟာ ၂၀၁၉ ခုနှစ်ကစပြီး တိုကျိုမြို့ရဲ့ ဂင်ဇာအရပ်မှာရှိတဲ့ စူရှီဆိုင်မှာ အလုပ်စဝင်ခဲ့ပါတယ်။
Shuqi ပြုလုပ်ထားတဲ့ ကိုဟာ့ဒါ့ ငါး စူရှီ
ဆိုင်ပိတ်ပြီးတဲ့နောက် သိမ်းဆည်းစရာတွေ ပြီးဆုံးသွားတဲ့ မီးစ် Shuqi ဟာ အရည်အချင်းပြည့်ဝတဲ့ စူရှီစားဖိုမှူး ဖြစ်ဖို့အတွက် ဆိုင်ဦးစီး Murayama Daisaku ဆီမှာ စူရှီ ပြင်ဆင်ပြုလုပ်နည်းတွေကို သင်ယူပါတယ်။