ကင်မရွန်းနိုင်ငံက ဒရမ် နည်းပြ
တိုကျိုရဲ့ မြို့လယ်ခေါင်က ဂီတကျောင်း တစ်ကျောင်း မှာ အလုပ်လုပ်နေတဲ့ ကင်မရွန်းနိုင်ငံက ဒရမ်နည်းပြဆရာတစ်ဦးအကြောင်း မိတ်ဆက်ပေးမှာပါ။ ဂျပန့်အလုပ်အဘိဓာန်အစီအစဉ်ကနေ အလုပ်ခွင်အဖြစ် ဂျပန်နိုင်ငံကို ရွေးချယ်ခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ဘဝအကြောင်းတွေကို စူးစမ်း ရှာဖွေတင်ဆက်ပေးနေပါတယ်။
မစ္စတာ Wouassi Vincent Jr.ဟာ ဒရမ်နည်းပြတစ်ဦးအဖြစ် ရှီဘူယမှာရှိတဲ့ ဂီတကျောင်းမှာ အလုပ်လုပ်နေပါတယ်။ မစ္စတာ Wouassi ဟာ ရှုပ်ထွေးတဲ့ ဂီတ သီအိုရီကို ဖယ်ပြီးတော့ သူ့ကျောင်းသူ ကျောင်းသားတွေကို ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုနဲ့အတူ စည်းချက်ကို သဘာဝကျကျတီထွင်တတ်ဖို့ အားပေးသင်ကြား ပါတယ်။
မစ္စတာ Wouassi Vincent Jr.ဟာ အာဖရိက ရိုးရာတေးဂီတကို စိတ်ကူးပုံဖော်ပြီး ထူးခြားတဲ့ သံစဉ်အသစ်တွေကို ဖန်တီး လုပ်ဆောင်နေပါတယ်။ သူဟာ တီးဝိုင်းမှာ ဂျပန့်ရိုးရာ ကြိုးသုံးချောင်းတပ် တူရိယာဖြစ်တဲ့ ရှားမိစန်းကို လည်း တီးခတ် ပါတယ်။