တိုကျိုမြို့ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းနေတဲ့ ဗီယက်နမ် အမျိုးသမီး
တိုကျိုမြို့ ရှီဘူယရပ်ကွက်ကို ဖွံ့ဖြိုးတိုးတက်မှုအသစ်တွေ နဲ့ ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ ဗီယက်နမ် အမျိုးသမီးအကြောင်း မိတ်ဆက်ပေးပါမယ်။ ဂျပန့်အလုပ်အဘိဓာန် အစီအစဉ်ကနေ အလုပ်ခွင် အဖြစ် ဂျပန်နိုင်ငံကို ရွေးချယ်ခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းက လာတဲ့ နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ဘဝအခြေအနေတွေကို နားဆင်အားပေးပါ။
မီးစ် Doan Le Hai Ngoc အလုပ်လုပ်နေတဲ့ ကုမ္ပဏီက ဂျပန်နိုင်ငံမှာ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ပါတယ်။ သူ့ရုံးက ရှီဘူယမှာ ရှိပြီး ပြန်လည်ဖွံ့ဖြိုးရေး အကြီးစားစီမံကိန်းတစ်ခုကို လတ်တလော လုပ်ဆောင်နေပါတယ်။
မီးစ် Doan က အစည်းအဝေးတစ်ခုမှာ ဦးဆောင်ဆွေးနွေးနေပါတယ်။ ရှီဘူယ ဘူတာရှေ့မှာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် သတင်းအချက်အလက်ပေးတဲ့ စင်တာအသစ်တစ်ခု တည်ဆောက်ရေးမှာ မီးစ် Doan ပါဝင်ပါတယ်။
အဖွဲ့ခေါင်းဆောင်နဲ့ မီးစ် Doan ။ အဖွဲ့ခေါင်းဆောင်က ငယ်ရွယ်တဲ့ မီးစ် Doan ကို စိန်ခေါ်မှုတွေ ပိုများတဲ့ အလုပ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တာဝန်ပေးခဲ့ပါတယ်။
မီးစ် Doan က ၂၀၁၉ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ရှီဘူယက ကြီးမားတဲ့ ဒစ်ဂျစ်တယ်ဆိုင်းဘုတ်ကြီးကို ညွှန်ပြနေပါတယ်။ မီးစ် Doan နဲ့ သူ့အဖွဲ့ဟာ ကြော်ငြာမှာ ပြသမယ့် အကြောင်းအရာတွေနဲ့ စီမံခန့်ခွဲမှုတွေကို တာဝန်ယူ ဆောင်ရွက်နေပါတယ်။