မျက်မှန်ဆိုင်က ဝန်ထမ်း- Mateusz Majewski
ဂျပန့်အလုပ်အဘိဓာန် အစီအစဉ်ကနေ အလုပ်ခွင် အဖြစ် ဂျပန်နိုင်ငံကို ရွေးချယ်ခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းက လာတဲ့သူတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ဘဝအခြေအနေတွေကို မိတ်ဆက်ပေး နေပါတယ်။ ဒီအစီအစဉ်မှာ Kitakyushu က မျက်မှန်အရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ ပိုလန်နိုင်ငံသား လူငယ်တစ်ဦးအကြောင်းကို တင်ဆက်ပေးမှာပါ။ စောင့်မျှော် နားဆင်ပါနော်။
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
Mateusz က မျက်မှန်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ သူဟာ သူ့ရဲ့ အလုပ်ကနေတစ်ဆင့် လူတွေကို ကူညီပေးချင်သူပါ။
Mateusz နဲ့ လုပ်ဖော်ကိုင်ဖက် သူ့ သူငယ်ချင်း
Mateusz က ဧည့်သည်တွေရဲ့ လိုအပ်ချက်တွေနဲ့ ကြိုက်နှစ်သက်မှုတွေကို အာရုံစိုက်လုပ်ဆောင်ပေးခြင်းကြောင့် ပျော်ရွှင်အောင် လုပ်ပေးချင်တယ်လို့ ပြောပါတယ်။