ဂျပန်ဆာကေးအရက်ကို ကမ္ဘာသို့ ယူဆောင်သူ
ဂျပန်နိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေအကြောင်းကို Workpedia Japan ကနေ မိတ်ဆက်ပေးနေပါတယ်။ ဒီနေ့တော့ ဂျပန်နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ဟယောဂိုးခရိုင် တမ်ဘာ့ မြို့ကို သွားရောက်ပြီး ဂျပန်ဆာကေးအရက် ချက်လုပ်တာကို နှစ်ခြိုက်သဘောကျတဲ့ အမေရိကန်အမျိုးသမီး ကယ်လီ ကာမင်စကီး ရဲ့ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုတွေအကြောင်းကို နားဆင်ရပါမယ်။
(၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်)
ဟယောဂိုးခရိုင် တမ်ဘာ့ မြို့ရှိ ဆာကေးအရက် ချက်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ Kelley Kaminsky
ဆာကေးအရက်ကို ကမ္ဘာအနှံ့ကလူတွေနဲ့ မိတ်ဆက်ပေးချင်သူ ကယ်လီ(ဝဲ) နဲ့ ဆာကေးအရက်ချက်သူအကြီးအကဲ ယာရှိမာ့ ခိုးရေးအိ (ယာ) တို့ဟာ ဆာကေးအရက်ချက်လုပ်မှုကို ကြီးကြပ်စီမံပါတယ်။
ကယ်လီ ဟာ အရက်ချက်စက်ရုံက လုပ်ဖော်ကိုင်ဖက်တွေကို တန်ဖိုးထား လေးစားပါတယ်။