COVID-19 အခက်အခဲကို ကျော်လွှားနေရတဲ့ ဖိလစ်ပိုင်လူမျိုးများ
ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းမှာ အုတ်အော်သောင်းတင်း ကူးစက်မှုတွေဖြစ်ပြီး အကြီးအကျယ် ထိခိုက်ခံစားနေရပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လူတွေရဲ့ လူနေမှုဘဝကို ထိခိုက်စေပြီး ကပ်ရောဂါမတိုင်ခင်ကတည်းက ငွေရေးကြေးရေး ဒုက္ခရောက်နေသူတွေက အခုအခါမှာ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။ ဂျပန် NGO-ICAN အဖွဲ့ဟာ ဖိလစ်ပိုင်လူမျိုးတွေထဲမှာ ရောဂါကူးစက်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဆင်းရဲတဲ့မိသားစုတွေကို ကူညီတဲ့ လှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ်ကနေ ဂျပန်လူမျိုးတစ်ဦးနဲ့ ဒေသခံဝန်ထမ်းတစ်ဦးတို့က အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့သူတွေကို လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ပေးဝေရင်း ကူညီနေတဲ့ သူတို့အကြောင်းကို တင်ဆက်ပေးပါမယ်။
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
ဂျပန်မှာ ရုံးစိုက်တဲ့ ICAN (International Children's Action Network) အဖွဲ့ဟာ ကပ်ရောဂါအတွင်း ဝင်ငွေလျော့နည်းတဲ့ မိသားစုတွေကို စားနပ်ရိက္ခာတွေ အဆက်မပြတ် ပေးဝေနေပါတယ်။
ICAN ရဲ့ ဖိလစ်ပိုင်အဖွဲ့ခွဲက ခေါင်းဆောင် Fukuta Hiroyuki
ဒေသခံဝန်ထမ်း Mariditha Mondares ဟာ သူနာပြုအဖြစ် အလုပ်လုပ်ရင်း ICAN မှာ ပါဝင်ကူညီဆောင်ရွက်နေပါတယ်။