အမြင်အာရုံချို့တဲ့ တဲ့အားကစားသမားတွေ ကမ္ဘာကျော်ဖို့ - လာအိုနိုင်ငံက သင်တန်း
တွဲလက်မပျက် ခရီးဆက် အစီအစဉ်ကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူမှုအသိုင်းအဝိုင်းမှာဒေသခံတွေနဲ့ အတူတူ ပြဿနာအမျိုးမျိုးကို ကူညီဖြေရှင်းပေးနေတဲ့ ဂျပန်အမျိုးသားနဲ့ အမျိုးသမီးတွေနဲ့တွေ့ဆုံပါမယ်။ ဒီကနေ့ အစီအစဉ်မှာတော့ အရှေ့တောင်အာရှက လာအိုနိုင်ငံမှာ မသန်စွမ်းတဲ့ အပြေးအားကစားသမားတွေကို နည်းပြသင်ကြားပေးနေတဲ့ Hane Hiroyuki နဲ့မိတ်ဆက်ပေးမှာပါ။ ဘယ်ဖက်လက်မောင်း မသန်းစွမ်းတဲ့ Hane ဟာ သူကိုယ်တိုင် မသန်စွမ်းအားကစားသမားတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက လာအိုနိုင်ငံမှာ နေထိုင်နေတဲ့ Hane ဟာ အမြင်အာရုံချို့တဲ့ တဲ့ လာအို အားကစားသမားတွေကို ကမ္ဘာ့ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစား သင်ပြနေသူဖြစ်ပါတယ်။
အမြင်အာရုံချို့တဲ့ တဲ့အားကစားသမားတစ်ဦးကို ခန္ဓာကိုယ်ကို တစ်ဆင့်ချင်း ဘယ်လို အသုံးချရမယ်ဆိုတာကို သင်ပေးနေတဲ့ နည်းပြ Hane Hiroyuki
Hane Hiroyuki
Bounphet Thepthida ဟာ နည်းပြ Hane သင်ပြပေးနေတဲ့ အားကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။