တိုချိဇာဝါ့အရပ်ကတော့ ဝါရာ့ရှိနာ့မြစ်ဖျားပိုင်းရှိတဲ့ တောင်တန်းတွေနေရာမှာ တည်ရှိပါတယ်။ မြေပြင်အနေအထားနဲ့ အပူချိန်ခြားနားမှုတွေကြောင့် မြူဆိုင်းလေ့ရှိတဲ့ ရာသီဥတုကို ဖြစ်ပေါ်စေပြီး နေပြင်းဒဏ်ကို ကာကွယ်ပေးရာရောက်တဲ့ အတွက် အထူးကောင်းမွန်လှတဲ့ လက်ဖက်အရည်အသွေးကို ရစေပါတယ်။ လက်ဖက်ခူးတာကိုလည်း ရှေးအစဥ်အလာအတိုင်း လက်နဲ့ပဲ ခူးပါတယ်။