Mizuki Shigeru စျေးလမ်းဟာ ဒီမြို့မှာ ကြီးပြင်းခဲ့တဲ့ ဂန္တဝင် မန်းဂ ကာတွန်းဆရာကြီး Mizuki Shigeru ရဲ့ လက်ရာတွေကို ပြသထားပြီး သူ့ကြောင့် လူလာများတဲ့အတွက် ပြန်လည်အသက်ဝင်လာတဲ့ စျေးဝယ်နေရာတစ်ခု ဖြစ်ပါတယ်။ JR Sakaiminato ဘူတာကနေ မီတာ ၈၀၀ လောက် အဝေးကြီးအထိ ကာတွန်းဆရာကြီး Mizuki ရဲ့လက်ရာတွေထဲက Yokai လို့ခေါ်တဲ့ ဘီလူးတစ္ဆေ ပုံကြေးရုပ်တု ၁၇၇ ခုကို စီတန်း ပြသထားပါတယ်။