ဗိသုကာ လက်ရာတွေနဲ့ အချက်အချာကျတဲ့ မြို့တော် အိုစာကာ
ဂျပန်နိုင်ငံအနောက်ပိုင်းက အကြီးဆုံးမြို့ဖြစ်တဲ့ အိုစာကာဟာ ၁၆ ရာစုတုန်းက ဗိုလ်ချုပ်ကြီး Toyotomi Hideyoshi တည်ဆောက်ခဲ့တဲ့ အိုစာကာ ရဲတိုက်၊ ခံတပ် စတဲ့ အဆောက်အုံတွေကစလို့ တခြား ဗိသုကာ အဆောက်အဦးတွေနဲ့ ခန့်ညားလှတဲ့ ရတနာတစ်ပါး ဖြစ်ပါတယ်။ မြင့်မားပြီးစတိုင်ကျလှပတဲ့ အဆောက်အဦတွေဟာလည်း Dai-Osaka – Great Osaka ခေတ်ကနေ ၂၀ ရာစုအစပိုင်းအထိ ကျန်ရှိနေတုန်းပါပဲ။ အဲဒီအချိန်တုန်းက အိုစာကာဟာ ဂျပန်ရဲ့ လူဦးရေအများဆုံး မြို့တော် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၀ ခုနှစ်က အိုစာကာမှာ အာရှရဲ့ ပထမဆုံး နိုင်ငံတကာ ကုန်စည်ပြပွဲကြီးကို ထူးခြား ခမ်းနားတဲ့  Tower of the Sun မှာ လက်ခံကျင်းပခဲ့ပါတယ်။ အမေရိကန်ဗိသုကာပညာရှင် James Lambiasi က အိုစာကာ က အဆောက်အဦတွေကနေတစ်ဆင့် အိုစာကာရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေကို ရှာဖွေ တင်ဆက်ပေးပါမယ်။
ဗိသုကာ ပညာရှင် James Lambiasi
"Osaka Castle" ဟာ ၁၆ ရာစုနှောင်းပိုင်းမှာ တည်ဆောက်ခဲ့တဲ့ မူလရဲတိုက်ပါ။ ဒါပေမဲ့ မီးလောင်ပျက်စီးသွား တာကြောင့် အဲဒီရဲတိုက်ကို ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ ပြန်လည် တည်ဆောက်ခဲ့ပြီး ယနေ့တိုင် ထိန်းသိမ်းထားပါတယ်။
"The Tower of the Sun" ဟာ အတွေးအမြင်သစ်တွေနဲ့ ဖန်တီးထားတဲ့ အနုပညာရှင် Okamoto Taro ရဲ့ လက်ရာပါ။ ဒီတာဝါကို Theme Pavilion ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ၁၉၇၀ ကမ္ဘာ့ကုန်စည်ပြပွဲအတွက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
"Tsutenkaku Tower" ကို အမြင့်ပေ ၁၀၀ ရှိပြီး သံမဏိချောင်းတွေနဲ့ တည်ဆောက်ထားတာပါ။ Shinsekai (New World) အပမ်းဖြေစရာ အမျိုးမျိုး ရှိတဲ့ရပ်ကွက်ရဲ့ အဓိကကျတဲ့နေရာမှာ တည်ရှိပြီး အိုစာကာရဲ့ အထင်ကရ အထိမ်းအမှတ်အဆောက်အအုံတွေထဲက တစ်ခု ဖြစ်ပါတယ်။