ရှုခင်းတွေရဲ့ ဒဏ္ဍာရီ ယာမာ့ဂူချီ
ယာမာ့ဂူချီ ခရိုင်ဟာ ဂျပန်ရဲ့ အဓိကကျွန်းကြီးဖြစ်တဲ့ ဟွန်းရှူးကျွန်းရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။ ဂျပန်ရဲ့ တခြားနေရာတွေနဲ့ မတူတဲ့ ရှုခင်းတွေ အမြောက်အမြားရှိပါတယ်။ မြေအောက်လိုဏ်ခေါင်းတစ်ခုထဲမှာ ထုံးကျောက်တွေကနေ ကျောက်စက်ပန်းဆွဲတွေ ထိုးထိုးထောင်ထောင်နဲ့ ရှိနေပြီး ကျွန်းငယ်လေးတစ်ကျွန်းပေါ်က ရွာလေးဟာ ကျောက်တုံးတွေ၊ အင်္ဂတေတွေနဲ့ သဘာဝအတိုင်းဖြစ်နေတဲ့ နံရံတွေနဲ့ နောက်ထပ် တခြား သဘာဝရှုခင်းတွေကလည်း ယာမာ့ဂုချီ ခရိုင်အတွက် ဂုဏ်ယူ စရာပါ။ အမေရိကန်နိုင်ငံဖွား သရုပ်ဆောင် Charles Glover ဟာ ဒီလိုခမ်းနားလှ ပြီး တခြားနေရာတွေနဲ့ ကွဲပြားခြားနားတဲ့ ရှုခင်းတွေကို ကြည့်ရှုဖို့နဲ့ ဒီရှုခင်းတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကို ရှာဖွေဖို့ ယာမာ့ဂူချီကို သွားရောက်ခဲ့ပါတယ်။
သရုပ်ဆောင် Charles Glover
Mine မြို့ ကုန်းတွင်းပိုင်းမှာ "Akiyoshidai Quasi-National Park" တည်ရှိပါတယ်။ အဲဒီပန်းခြံဟာ ဂျပန်နိုင်ငံတစ်ခွင်မှာ အကြီးဆုံး ကုန်းပြင်မြင့်အဖြစ် တည်ဆောက်ထားပါတယ်။ အပျော်ခြေလျင်ခရီးသွားသူတွေအတွက် ထူးထူးခြားခြား ပုံဖော်ထားတဲ့ ထုံးကျောက် ကျောက်တုံးတွေ ကြားကို ဖြတ်ကျော်ပြီး သွားရတဲ့ ခရီးစဉ်တွေရှိပါတယ်။
"Akiyoshido" ဟာ ဂျပန်မှာ အကြီးဆုံး ထုံးကျောက် ဥမင်လိုဏ်ခေါင်းကြီးတွေထဲက တစ်ခု ဖြစ်ပြီး Akiyoshido ကုန်းပြင်မြင့်ရဲ့ မြေအောက် မီတာ ၁၀၀ မှာ တည်ရှိပါတယ်။ ရေထည့်ထားတဲ့ ပန်းကန်ပြားလေးတွေကို လှေကားပုံစံဆင့်ထပ်ထားသလို ဖွဲ့စည်းထားတဲ့ အံ့သြဖွယ်ရာကျောက်တုံးတချို့နဲ့ တဲ့ ဖြစ်တည် နေတဲ့ ဒီနေရာကို "Hyakumaizara" လို့ လူသိများပါတယ်။
Seto ကုန်းတွင်းပိုင်းပင်လယ်မှာရှိတဲ့ ကျွန်းငယ် "Iwaishima Island" ဟာ ၁၂ ကီလိုမီတာ အကျယ်အဝန်းပဲ ရှိပါတယ်။ အဲဒီကျွန်းက အဖြူရောင်အင်္ဂတေနဲ့ ကျောက်တုံးတွေကို တစ်ကန့်စီ အလွှာလိုက်ပြုလုပ်ထားတဲ့ ထူးခြားတဲ့ နံရံတွေကြောင့် လူသိများပါတယ်။ အဲဒီနံရံတွေဟာ အထူးသဖြင့် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ချိန်မှာ လေပြင်းတိုက်တဲ့ဒဏ်ကို ခံနိုင်အောင် ဒေသန္တရ အဆောက်အအုံတွေကို ကာကွယ်ဖို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။