လက်ဖက်တိုင်းပြည် ရှီဇုအိုကား
ရှီဇုအိုကား ခရိုင်ဟာ ဂျပန်မှာ လက်ဖက်ခြောက်အများဆုံးထုတ်လုပ်တဲ့ ခရိုင် ဖြစ်ပါတယ်။ လက်ဖက်ရွက်ကို နှပ်ပြီးပြုလုပ်တဲ့ black tea လက်ဖက်ခြောက်မျိုးမဟုတ်ဘဲ green tea လက်ဖက်ခြောက်ဟာ လက်ဖက်ရွက်ကို ပေါင်းခံပြီးနောက် အခြောက်ခံထားတာ ဖြစ်ပါတယ်။ အမေရိကန် ရုပ်ရှင်သရုပ်ဆောင်  Ananda Jacobs ဟာ လက်ဖက်ခူးဆွတ်ကာလအတွင်း ရှီဇုအိုကား ကို သွားရောက်ပြီး ထူးခြားလှတဲ့ ရေနွေးကြမ်းရရှိစေဖို့အတွက် သူတို့ရဲ့ဘဝတွေကို မြှုပ်နှံလုပ်ကိုင်နေကြတဲ့သူတွေနဲ့ တွေ့ခဲ့ပါတယ်။
သရုပ်ဆောင်မင်းသမီး Ananda Jacobs
ဂျပန် ရေနွေးကြမ်း
မာကိနိုဟာရာ့ကုန်းမြေပြင်ဟာ ဟက်တာ ၅၀၀၀ လောက် ကျယ်ပြန့်ပြီး ရှီဇုအိုကားက ထုတ်လုပ်တဲ့ လက်ဖက်ခြောက်ရဲ့ ၄၀ ရာခိုင်နှုန်း ထွက်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်က စိုက်ပျိုးမရတဲ့ မြေရိုင်းကို ပြုပြင်လုပ်ဆောင်ခဲ့ပါတယ်။
တိုချိဇာဝါ့အရပ်ကတော့ ဝါရာ့ရှိနာ့မြစ်ဖျားပိုင်းရှိတဲ့ တောင်တန်းတွေနေရာမှာ တည်ရှိပါတယ်။ မြေပြင်အနေအထားနဲ့ အပူချိန်ခြားနားမှုတွေကြောင့် မြူဆိုင်းလေ့ ရှိတဲ့ ရာသီဥတုကို ဖြစ်ပေါ်စေပြီး နေပြင်းဒဏ်ကို ကာကွယ်ပေးရာရောက်တဲ့ အတွက် အထူးကောင်းမွန်လှတဲ့ လက်ဖက်အရည်အသွေးကို ရစေပါတယ်။ လက်ဖက်ခူးတာကိုလည်း ရှေးအစဥ်အလာအတိုင်း လက်နဲ့ပဲ ခူးပါတယ်။