OxT ရော့ခ်ဂီတအဖွဲ့နဲ့ အဆိုတော် Hayami Saori
ဒီတစ်ခါ J-MELO အစီအစဉ်မှာ ပထမဆုံးမိတ်ဆက်ပေးမှာက Oishi Masayoshi နဲ့ Tom-H@ck တို့ပေါင်းပြီး ဖွဲ့စည်းထားတဲ့ ဒစ်ဂျစ်တယ်ရော့ခ်အဖွဲ့ OxT ဖြစ်ပါတယ်။ ဒီနေ့အထိ သူတို့ထွက်ရှိခဲ့တဲ့ single တေးတွေဟာ အနီးမဲ ဇာတ်ကားတွေရဲ့ ဇာတ်ဝင်တေးသီချင်းတွေ ဖြစ်ပါတယ်။ ဒုတိယမိတ်ဆက်ပေးမှာကတော့ အဆိုတော် Hayami Saori ဖြစ်ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်မှာ anime အသံသရုပ်ဆောင်အဖြစ်နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာတော့ သူဟာ အဆိုတော်အဖြစ် အနုပညာခရီးစတင်ခဲ့ပြီး သူရဲ့ ပရိသတ်တွေ သဘောကျနှစ်ခြိုက်အောင် ဆက်ပြီး စွဲဆောင်ထားပါတယ်။ သူတို့ကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူတို့ရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီအစီအစဉ်မှာ ခံစားနားဆင်ကြည့်ကြရအောင်။ (၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။