Nagie Lane ဂီတအဖွဲ့နဲ့ အဆိုတော် Nakajima Takui
ဒီတစ်ခါ J-MELO အစီအစဉ်မှာ ပထမဆုံးမိတ်ဆက်ပေးမှာက အဖွဲ့ဝင် ၆ ဦးနဲ့ဖွဲ့စည်းထားတဲ့ cappella တေးဂီတအဖွဲ့ Nagie Lane ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၂၁ ခုနှစ်မှာ မေဂျာရီကောဒင်းနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ မြို့တော်ပေါ့ပ် လို့ခေါ်တဲ့ ဂီတရဲ့အစိတ်အပိုင်းတွေနဲ့ အကဂီတတွေကို ရောစပ်ထားတဲ့ အဖွဲ့သစ်တစ်ခုအနေနဲ့ သူတို့ဟာ လူတွေရဲ့ အာရုံစိုက်မှုများစွာကို ရရှိထားပါတယ်။ ဒုတိယမိတ်ဆက်ပေးမှာက အဆိုတော် Nakajima Takui ဖြစ်ပါတယ်။ သူဟာ ၁၉၉၉ ခုနှစ်မှာ ပွဲဦးထွက်ပြီးနောက်ပိုင်း တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုတွေမှာ ဘဝကိုမြှုပ်နှံထားတဲ့ ရော့ခ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဒီဂီတအနုပညာရှင်တွေကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူတို့ရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီ J-MELO အစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။
*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။