ဒီတစ်ပတ်မှာ ပထမဆုံး မိတ်ဆက်ပေးမှာတော့ အဆိုတော် Kiyoura Natsumi ၊ Okii Reiji တို့နဲ့ ပေါင်းစပ်ထားတဲ့ နှစ်ယောက်တွဲပေါ့ပ်တေးဂီတအဖွဲ့ TWEEDEES ဖြစ်ပါတယ်။ ပေါ့ပ်နဲ့ရော့ခ်ဂီတ အတတ်ပညာနဲ့ကျွမ်းကျင်မှုတို့ကို စနစ်ကျကျ ပေါင်းစပ်ထားတဲ့ သူတို့အဖွဲ့ရဲ့ တိုက်ရိုက် ဂီတဖျော်ဖြေပွဲတွေဟာ လှိုက်လှဲတဲ့ခင်မင်ရင်းနှီးမှုတွေကို ခံစားရတယ်ဆိုတဲ့ နာမည်ကောင်းတွေနဲ့ သတင်းကြီးနေပါတယ်။ ဒုတိယ မိတ်ဆက်ပေးမယ့်သူကတော့ အဆိုတော် Asaka ဖြစ်ပါတယ်။ သူ့အသက် ၁၇ အရွယ် ၂၀၁၆ ခုနှစ်မှာ အနီးမဲတေး အဆိုရှင်တစ်ဦးအဖြစ် မေဂျာရီကောဒင်းနဲ့ သူပွဲဦးထွက်ခဲ့ပါတယ်။ အနီးမဲတေး အဆိုတော် Asaka ဟာ နိုင်ငံရပ်ခြားဒေသက ပွဲတော်တွေမှာလည်း ဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုတော် Asaka ၊ TWEEDEES တေးဂီတအဖွဲ့တို့ကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူတို့ရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီအစီအစဉ်မှာ ခံစားနားဆင်ကြည့်ကြရအောင်။ (၂၀၂၃ ခုနှစ်၊ ဖေဖော်၀ါရီလ ၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။