ဒီတစ်ကြိမ်မှာတော့ တေးဂီတအဖွဲ့ ၂ ဖွဲ့နဲ့ မိတ်ဆက်ပေးမှာပါ။ ပထမအဖွဲ့ကတော့ FANTASTICS from EXILE TRIBE အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ မူလက ၂၀၁၆ ခုနှစ်မှာ အဆိုအကအဖွဲ့အနေနဲ့ သီဆိုဖျော်ဖြေခဲ့ကြတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ ဂျပန်မှာ အရမ်းရေပန်းစား လူကြိုက်များတဲ့ "Choo Choo TRAIN" သီချင်းကို ကာဗာတေးအဖြစ် ပြန်သီဆိုပြီးတဲ့နောက် FANTASTICS from EXILE TRIBE အဖွဲ့ဟာ လူတွေရဲ့အာရုံစိုက်မှုကို ရရှိလာခဲ့ပါတယ်။ ဒုတိယအနေနဲ့ မိတ်ဆက်ပေးမှာကတော့ BRIDEAR အဖွဲ့ပါ။ သူတို့က အမျိုးသမီး ၅ ဦးနဲ့ဖွဲ့စည်းထားတဲ့ heavy-metal တေးဂီတအဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ နိုင်ငံရပ်ခြားမှာလည်း သဘောကျနှစ်ခြိုက်သူ ပရိသတ်အမြောက်အများ ရရှိထားပြီး J-metal လို့ခေါ်တဲ့ တေးဂီတအဖွဲ့အဖြစ် နိုင်ငံတကာမှာ လူကြိုက်များ အာရုံစိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိအောင် ကြိုးပမ်းနေပါတယ်။ ဒီအဖွဲ့တွေကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူတို့ရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီ J-MELO အစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။ (၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။