ဒီတစ်ကြိမ်မှာတော့ တေးဂီတအဖွဲ့ ၂ ဖွဲ့နဲ့ မိတ်ဆက်ပေးမှာပါ။ ပထမတစ်ဖွဲ့ကတော့ အဖွဲ့ဝင် ၃ ဦးနဲ့ဖွဲ့စည်းထားတဲ့ Omoinotake အဖွဲ့ပါ။ သူတို့ရဲ့ ညင်သာငြိမ့်ညောင်းပေမဲ့ ရင်ခုန်လှုပ်ရှားစရာကောင်းတဲ့ သီဆိုဟန်နဲ့ ခံစားချက်တွေ ပေးစွမ်းတဲ့ စာသားတွေပါတဲ့ သီချင်းတွေကြောင့် လူတွေရဲ့ အာရုံစိုက်မှုတွေ တိုးလာနေပါတယ်။ ဒါတွေအပြင် လိုက်ပါကခုန်ချင်အောင် စွဲဆောင်ထားတဲ့ သီချင်းသံစဉ်တွေကြောင့်လည်း နိုင်ငံရပ်ခြားမှာပါ နာမည်ကြီးလူကြိုက်များလာနေပါတယ်။ နောက်ထပ် မိတ်ဆက်ပေးမယ့် အဖွဲ့ကတော့ အဖွဲ့ဝင် ၁၂ ဦးနဲ့ဖွဲ့စည်းထားတဲ့ Idol အဖွဲ့ Not Equal Me ဖြစ်ပါတယ်။ သူတို့ရဲ့အရင်ပုံစံနဲ့မတူတဲ့ ခံစားမှုတွေကို ပေးလိုတဲ့ သူတို့အဖွဲ့ရဲ့ မျှော်လင့်ချက်ကို Not Equal Me ဆိုတဲ့ နာမည်က ထင်ဟပ်ပြလို့နေပါတယ်။ ဒီအဖွဲ့တွေကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူတို့ရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီ J-MELO အစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။ (၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။