hana*hana နဲ့ JUNNA
ဒီတစ်ကြိမ်မှာတော့ တေးဂီတအဖွဲ့တစ်ဖွဲ့နဲ့အတူ အဆိုတော်တစ်ဦးနဲ့ မိတ်ဆက်ပေးမှာပါ။ ပထမတစ်ဖွဲ့ကတော့ နှစ်ယောက်တွဲအဖွဲ့ hana*hana ဖြစ်ပါတယ်။ သူတို့ဟာ အမျိုးသမီး ၂ ယောက်တွဲ အဖွဲ့အဖြစ် မေဂျာရီကောဒင်းနဲ့ ပွဲဦးထွက်ခဲ့တာ အခုနှစ်မှာ ၂၂ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ "Ah Yokatta" “အို တော်ပါသေးရဲ့” လို့ အဓိပ္ပာယ်ရတဲ့ သူတို့ရဲ့ ပွဲဦးထွက်သီချင်းကို အခုအချိန်ထိ လူကြီးလူငယ် မရွေး ကြိုက်နှစ်သက်နေဆဲပဲ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပေးမယ့် အဆိုတော်ကတော့ JUNNA ဖြစ်ပါတယ်။ လက်ရှိ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ JUNNA ဟာ အနီးမဲတေး လောကမှာ လူသိများတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၅ နှစ် သူ့အသက် ၁၅ နှစ်အရွယ်မှာ မေဂျာရီကောဒင်းနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ သူဟာ အသံပါဝါ အားကောင်းတဲ့ သီဆိုဟန်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားသူ ဖြစ်ပါတယ်။ ဒီအနုပညာရှင်တွေကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူတို့ရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီ J-MELO အစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။