ဒီတစ်ခေါက်အစီအစဉ်မှာ အဆိုတော် ၂ ဦးနဲ့ မိတ်ဆက်ပေးပါမယ်။ ပထမတစ်ဦးကတော့ နွေးနွေးထွေးထွေး ပွေ့ဖက်ထားသလို ခံစားမှုကိုပေးတဲ့ သီဆိုသံနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ အဆိုတော် တေးရေးဆရာ Kawaguchi Kyogo ဖြစ်ပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ "Sakura" လို့ အမည်ရတဲ့ သီချင်းကို ဂျပန်နဲ့ ပြည်ပက အနုပညာရှင်တွေက ကာဗာတေး ပြန်ဆိုထားကြပါတယ် ။ ဒုတိယမိတ်ဆက်ပေးမှာက အဆိုတော် Miyamoto Karin ပါ ။ သူကတော့ juice=juice လို့ခေါ်တဲ့ idolအဖွဲ့က အဖွဲ့ဝင်ဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ကနေ ထွက်လိုက်ပြီးနောက် ၂၀၂၀ ပြည့်နှစ်မှာ တစ်ကိုယ်တော်အနုပညာ လှုပ်ရှားမှုတွေ စတင်ခဲ့ပါတယ်။ သူဟာ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်သူ ဖြစ်ပြီး အရင် idol အဖွဲ့နဲ့အတူ ရှိစဉ်တုန်းကလည်း တစ်ကိုယ်တော် အနေနဲ့ ဖျော်ဖြေခဲ့ဖူးပါတယ်။
သူတို့ကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူတို့ရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီ J-MELO အစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။