Tokyo Rikisha နဲ့ NEMOPHILA တေးဂီတအဖွဲ့များ
ဒီတစ်ကြိမ်မှာတော့ တေးဂီတအဖွဲ့ ၂ ဖွဲ့နဲ့ မိတ်ဆက်ပေးမှာပါ။ ပထမတစ်ဖွဲ့ကတော့ ခရီးသွားဧည့်သည်တွေအကြား ထင်ရှားတဲ့ တိုကျိုရဲ့ သမိုင်းဝင်နေရာ Asakusa မှာအခြေစိုက်တဲ့ Tokyo Rikisha တေးဂီတအဖွဲ့ပါ။ အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင် ၄ ဦးဟာ အနုပညာလှုပ်ရှားမှုတွေနဲ့အတူ Asakusa မှာ ခရီးသွားတွေကို လန်ခြားနဲ့ လိုက်လံပို့ဆောင်တဲ့ ဧည့်လမ်းညွှန်အလုပ်ကိုလည်း လုပ်ကိုင်ကြပါတယ်။ ဒုတိယအဖွဲ့ကတော့ NEMOPHILA တေးဂီတ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့မှာတော့ အဖွဲ့ဝင် ၅ ဦး ပါဝင်ပြီး အပြင်းစား ဂီတဖျော်ဖြေမှုတွေနဲ့အတူ ပရိသတ်တွေကို ဆွဲဆောင် ဖမ်းစားထားပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်တွေကတော့ သူတို့ ဖျော်ဖြေတဲ့ ဂီတတွေနဲ့ ဆန့်ကျင်ဘက် နုနုနယ်နယ်နဲ့ သိမ်မွေ့ချိုသာကြသူတွေမို့ “ ငရဲခန်းက နူးညံ့လှပတဲ့ ဂီတအဖွဲ့ ” ရယ်လို့ တင်စားရတဲ့အထိ လူသိများ ကျော်ကြားကြသူတွေပါ။ ဒီအဖွဲ့တွေကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူတို့ရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီ J-MELO အစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။