Liella! နဲ့ ONE N' ONLY တေးဂီတအဖွဲ့များ
ဒီတစ်ကြိမ် မိတ်ဆက်ပေးမှာကတော့ ဂီတအဖွဲ့နှစ်ဖွဲ့ပါ။ သူတို့နှစ်ဖွဲ့လုံးဟာ အခုနှစ်မှာ Anime ကာတွန်းဇာတ်လမ်း တေးသီချင်းတွေနဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ ပရိသတ်ရဲ့ အာရုံစိုက်မှုအများကြီး ရရှိထားကြပါတယ်။ ပထမဆုံးမိတ်ဆက်ပေးမယ့်အဖွဲ့ကတော့ နိုင်ငံတကာမှာ နာမည်ကြီး ရေပန်းစားနေတဲ့ School idol project "Love Live!" ထဲက အဖွဲ့တစ်ဖွဲ့ Liella! ဖြစ်ပါတယ်။ နောက်ထပ်မိတ်ဆက်ပေးမှာကတော့ အမျိုးသား ၆ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဆိုအကအဖွဲ့ ONE N'ONLY ပါ။ သူတို့ရဲ့ တေးဂီတပုံစံက J-pop လည်းမဟုတ် K-pop မဟုတ် သူတို့ဟာ JK-pop လို့ခေါ်တဲ့ ထူးခြားတဲ့ စတိုင်လ် တစ်ခုဖြစ်ပါတယ်။ သူတို့အဖွဲ့တွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေနဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီအစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။ (၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။