အဆိုတော် Higuchi Ai
ဒီတစ်ကြိမ်မှာတော့ ဂီတအနုပညာ ဝမ်းစာပြည့်ဝတဲ့ အဆိုတော် တေးရေးဆရာမ Higuchi Ai နဲ့ မိတ်ဆက်ပေးပါမယ်။ သူက ၂၀၁၆ ခုနှစ်မှာ Major Recording နဲ့ ပွဲဦးထွက်ခဲ့သူ ဖြစ်ပါတယ်။ ထူးခြားတဲ့ရှုထောင့်အမြင်ကို ထင်ဟပ်ပေါ်လွင်အောင် ရေးဖွဲ့တတ်တဲ့ သူ့ရဲ့ ဇာတ်လမ်းဆန်ဆန် တေးစာသားတွေကြောင့် လူသိများထင်ရှားသူ တစ်ဦးဖြစ်ပါတယ်။ အခုနှစ်မှာ သူ့ရဲ့သီချင်း "Akuma no Ko " "နတ်ဆိုးရဲ့ရင်သွေး" ဆိုတဲ့သီချင်းဟာ "Shingeki no Kyojin" "Attack on Titan" လို့ခေါ်တဲ့ ရုပ်မြင်သံကြား anime ဇာတ်ကားရဲ့ နောက်ဆုံးထွက်ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းတေးအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ အဆိုတော် Higuchi Ai ကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီအစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။ (၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။