အဆိုတော် Atari Kosuke နဲ့ Fudanjuku တေးဂီတအဖွဲ့
ဒီတစ်ကြိမ်အစီအစဉ်မှာ ပထမဆုံးမိတ်ဆက်ပေးမယ့်သူကတော့ အဆိုတော် Atari Kosuke ဖြစ်ပါတယ်။ သူက ၂၀၀၆ ခုနှစ်မှာ မေဂျာ ရီကောဒင်းနဲ့ ပွဲဦးထွက်ခဲ့ပြီး အခုနှစ်မှာတော့ သူ့ရဲ့အနုပညာသက်တမ်း ၁၆ နှစ် ပြည့်မြောက်ပါပြီ။ သူ့ရဲ့ သီဆိုမှုကို ကမ္ဘာပေါ်က အသာယာဆုံးသီဆိုမှုအဖြစ် ဖော်ပြခံရပါတယ်။ ဒုတိယမိတ်ဆက်ပေးမှာကတော့ အမျိုးသားတွေလို ဝတ်ဆင်လေ့ရှိတဲ့ အမျိုးသမီး ခုနှစ်ဦးနဲ့ ဖွဲ့စည်းထားတဲ့ Fudanjuku တေးဂီတအဖွဲ့ပါ။ သူတို့က “ပရိသတ်တွေကို အမြဲ ပျော်ရွှင်စေမယ်” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့အရွယ် မိန်းကလေးအဖွဲ့တွေကြားမှာ နာမည်ကြီးထင်ရှားသူတွေ ဖြစ်ပါတယ်။ အဆိုတော် Atari Kosuke နဲ့ Fudanjuku တေးဂီတအဖွဲ့ကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူတို့တွေရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီ J-MELO အစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။