အဆိုတော် Moriguchi Hiroko နဲ့ fhána တေးဂီတအဖွဲ့
ဒီတစ်ကြိမ်အစီအစဉ်မှာ ပထမဆုံးမိတ်ဆက်ပေးမယ့်သူကတော့ အဆိုတော် Moriguchi Hiroko ဖြစ်ပါတယ်။ သူက ၁၉၈၅ ခုနှစ်မှာ ရုပ်မြင်သံကြား anime ဇာတ်လမ်းတွဲ "Mobile Suit Zeta Gundam" ရဲ့ ဇာတ်ဝင်သီချင်းနဲ့ ပွဲဦးထွက်ခဲ့သူ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဇွန်လက ထွက်ခဲ့တဲ့ နောက်ဆုံးထွက် Gundam ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းနဲ့ တိုက်ရိုက် သီဆိုဖျော်ဖြေမှုကို ခံစားနားဆင်ရပါမယ်။ ဒုတိယမိတ်ဆက်ပေးမှာကတော့ anime သီချင်းပေါင်းများစွာ သီဆိုလာခဲ့ပြီး လူသိများထင်ရှားတဲ့ fhána အဖွဲ့ပါ။ ဧပြီလတုန်းကထွက်ခဲ့တဲ့ သူတို့ရဲ့ နောက်ဆုံးတေးအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်နဲ့ ဒီနေ့မှာ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်။ သူတို့ကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူတို့ရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီ J-MELO အစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။ (၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။