ဒီတစ်ကြိမ်မှာတော့ ဂီတအနုပညာ ဝမ်းစာပြည့်ဝတဲ့ အဆိုတော် တေးရေးဆရာမ Higuchi Ai နဲ့ မိတ်ဆက်ပေးပါမယ်။ သူက ၂၀၁၆ ခုနှစ်မှာ Major Recording နဲ့ ပွဲဦးထွက်ခဲ့သူ ဖြစ်ပါတယ်။ ထူးခြားတဲ့ရှုထောင့်အမြင်ကို ထင်ဟပ်ပေါ်လွင်အောင် ရေးဖွဲ့တတ်တဲ့ သူ့ရဲ့ ဇာတ်လမ်းဆန်ဆန် တေးစာသားတွေကြောင့် လူသိများထင်ရှားသူ တစ်ဦးဖြစ်ပါတယ်။ အခုနှစ်မှာ သူ့ရဲ့သီချင်း "Akuma no Ko " "နတ်ဆိုးရဲ့ရင်သွေး" ဆိုတဲ့သီချင်းဟာ "Shingeki no Kyojin" "Attack on Titan" လို့ခေါ်တဲ့ ရုပ်မြင်သံကြား anime ဇာတ်ကားရဲ့ နောက်ဆုံးထွက်ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းတေးအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ အဆိုတော် Higuchi Ai ကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီအစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။
*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။