Morning Musume.'22
ဒီတစ်ကြိမ်မှာတော့ ဂျပန့်ထိပ်တန်း Pop Idol ဂီတအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ "Morning Musume. '22" ရဲ့ အထူးဖျော်ဖြေတင်ဆက်မှု ကို နားဆင်ရမှာပါ။ "Morning Musume" ကို ၁၉၉၇ ခုနှစ်မှာ ရုပ်မြင်သံကြား ပဏာမ ရွေးချယ်ပွဲကနေ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ "Morning Musume. '22" ဆိုတဲ့ အမည်နဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်။ ဒီအဖွဲ့မှာ အဖွဲ့ဝင်တစ်ဦး သင်တန်းဆင်းလို့ ထွက်ခွာသွားတိုင်း အဖွဲ့ဝင်သစ်တစ်ဦးနဲ့ အားပြန်ဖြည့်စည်းတဲ့ စနစ်ရှိပြီး အဖွဲ့က ပုံစံအမြဲပြောင်းလဲလို့ နေပါတယ်။ အခုနှစ်မှာ အနုပညာသက်တမ်းက ၂၅ နှစ် ပြည့်မြောက်သွားပြီ ဖြစ်တဲ့ "Morning Musume. '22" အဖွဲ့ကို တွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ သူတို့ရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီအစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။ (၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။