အဆိုတော် တေးရေးဆရာ Miyazawa Kazufumi နှင့် အဆိုတော် Takeuchi Anna
ဒီတစ်ကြိမ်မှာတော့ အဆိုတော်ဧည့်သည် ၂ ဦးနဲ့ မိတ်ဆက်ပေးမှာပါ။ ပထမဆုံး မိတ်ဆက်ပေးမှာက အဆိုတော် တေးရေးဆရာ Miyazawa Kazufumi ဖြစ်ပြီး သူ့ရဲ့ အောင်မြင်ကျော်ကြားတဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ Shima Uta ကျွန်းသီချင်းဟာ ၁ သန်းခွဲကျော် ရောင်းချခဲ့ရပါတယ်။ အဲဒီသီချင်းကို နိုင်ငံရပ်ခြားက ကာဗာပြန်ဆိုသူတွေလည်း အများအပြားရှိပြီး ကမ္ဘာတစ်ဝန်းမှာ သီဆိုနေကြတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒုတိယတစ်ဦးကတော့ အမေရိကားက အကြီးမားဆုံး ဂီတပွဲတော်တစ်ခုမှာပါဝင်ဖျော်ဖြေတာလိုမျိုး ကမ္ဘာတစ်ဝန်း အနုပညာဖျော်ဖြေပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတဲ့ အဆိုတော်-တေးရေးဆရာ Takeuchi Anna ဖြစ်ပါတယ်။ သူတို့ရဲ့ စကားသံတွေနဲ့ တေးသီချင်းတွေကို ဒီအစီအစဉ်ကနေ နားဆင်ခံစားကြည့်ရအောင်။

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။