ဒီနေ့မှာတော့ Crazy Ken တေးဂီတအဖွဲ့ရဲ့ အထူးတိုက်ရိုက် ဖျော်ဖြေတင်ဆက်မှုတွေကို တင်ဆက်မှာဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ Crazy Ken တေးဂီတအဖွဲ့ဟာ အခုနှစ်မှာ အနုပညာသက်တမ်း၂၅ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဂီတအမျိုးအစားပေါင်းစုံ ရောယှက်ပါဝင်နေတဲ့ သူတို့အဖွဲ့ရဲ့ စတိုင်လ်တွေက လူကြီးလူငယ်မရွေး ပရိသတ်အရွယ်စုံကို ဆွဲဆောင်ထားပါတယ်။ အဖွဲ့ရဲ့ခေါင်းဆောင် အဆိုတော် Yokoyama Ken ဟာ ဂျပန်က နာမည်ကြီး အနုပညာရှင်အများအပြားရဲ့ သီချင်းတွေမှာ ပံ့ပိုးကူညီပေးနေတဲ့ သွက်လက်ထက်မြက်တဲ့ ဂီတဖန်တီးသူအဖြစ်လည်း လူသိများပါတယ်။ သူတို့အဖွဲ့နဲ့ တွေ့ဆုံမေးမြန်းထားတာတွေနဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို ဒီအစီအစဉ်ကနေ ခံစားနားဆင်ကြည့်ကြရအောင်။
*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။