NEW ROTE'KA တေးဂီတအဖွဲ့
ဒီနေ့မှာတော့ punk rock တေးဂီတအဖွဲ့ NEW ROTE'KA နဲ့ မိတ်ဆက်ပေးပါမယ်။ ဒီအဖွဲ့ကို ၁၉၈၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိ အဖွဲ့မှာ အဆိုတော် ATSUSHI ၊ ဘေ့စ်ပညာရှင် KATARU၊ ဒရမ်တီးခတ်သူ NABO နဲ့ ဂစ်တာပညာရှင် RYO ဆိုပြီး အဖွဲ့ဝင် ၄ ဦး ရှိပါတယ်။ သူတို့ဟာ ရော့ခ်တေးဂီတကို အမြဲစွဲလမ်းရူးသွပ်နေသူတွေလို့ ဆိုပါတယ်။ ရိုးရှင်းတဲ့ သီချင်းစာသားတွေနဲ့အတူ ဟာသဆန်တဲ့ သူတို့ရဲ့ ဖျော်ဖြေမှုတွေက ပရိသတ်တွေရဲ့ ရင်ကို စွဲဆောင်ထားပါတယ်။ NEW ROTE'KA အဖွဲ့ရဲ့ အကြောင်းနဲ့ စတူဒီယိုထဲကနေ တိုက်ရိုက် သီဆိုဖျော်ဖြေမှုတွေကို ဒီအစီအစဉ်ကနေ နားဆင်ခံစားကြည့်ပါ။ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

* ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။