BiS တေးဂီတအဖွဲ့နဲ့ တေးသံရှင် Kaya
ဒီနေ့ တေးဂီတ အစီအစဉ်မှာ BiS အမျိုးသမီး ဂီတအဖွဲ့နဲ့ အဆိုတော် Kaya ကို မိတ်ဆက်ပေးပါမယ်။ ပထမဆုံး မိတ်ဆက်ပေးမှာက ၂၀၁၀ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ BiS အမျိုးသမီး ဂီတအဖွဲ့ပါ။ သူတို့အဖွဲ့က ၂၄ နာရီကြာ တိုက်ရိုက် ထုတ်လွှင့် တဲ့ ဖျော်ဖြေပွဲတွေ တင်ဆက်တာ၊ ကီလိုမီတာ ၂၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲကို ၂ရက်ထဲနဲ့ပြေးပြခဲ့တာလိုမျိုး ထူးကဲ ဆန်းပြားတဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ပရိသတ်များစွာကို ဆွဲဆောင်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ နောက်ထပ်မိတ်ဆက်ပေးမယ့်သူ တစ်ဦးကတော့ ဇန်နဝါရီလတုန်းက ပွဲဦးထွက် စီဒီ သီချင်းခွေ ထုတ်ခဲ့တဲ့ Kaya ဖြစ်ပါတယ်။ သူ့ရဲ့ အသံကို "သန့်ရှင်းသောအသံ" လို့ လူတွေ တင်စားခေါ်ဝေါ် ကြပါတယ်။ ဖြူစင်ကြည်လင်တဲ့ အသံကို ပိုင်ဆိုင်ထားသူ တစ်ဦးပါ။ သီချင်းဆိုပြိုင်ပွဲပေါင်း များစွာမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး ငယ်ငယ်လေးကတည်းက လူတွေရဲ့ ချီးမွမ်း အားပေးတာကို ခံရသူ ဖြစ်ပါတယ်။ သူတို့တွေရဲ့ စကားသံတွေနဲ့အတူ စတူဒီယိုထဲကနေ တိုက်ရိုက်သီဆို ဖျော်ဖြေတဲ့ တေးသီချင်းတွေကိုလည်း ခံစားနားဆင်ကြည့်ကြပါမယ်။

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။