SalsaGumtape နဲ့ PassCode တေးဂီတအဖွဲ့များ
ဒီနေ့မှာတော့ တေးဂီတအဖွဲ့ ၂ ဖွဲ့နဲ့မိတ်ဆက်ပေးပါမယ်။ ပထမဆုံးက အနုပညာသက်တမ်း ၂၅ နှစ်ကျော်လာပြီဖြစ်တဲ့ SalsaGumtape ရော့ခ်တေးဂီတအဖွဲ့ပါ။ ဒီအဖွဲ့ကို အသက်အရွယ်အမျိုးမျိုး၊ ဘဝနောက်ခံအကြောင်း အမျိုးမျိုးကလာတဲ့ အဖွဲ့ဝင် ၂၅ ဦးနဲ့ဖွဲ့စည်းထားတာ ဖြစ်ပြီး အဖွဲ့ဝင်တချို့က မသန်စွမ်းသူတွေ ဖြစ်ကြပါတယ်။ နောက်ထပ် မိတ်ဆက်ပေးမယ့်အဖွဲ့ကတော့ အမျိုးသမီး ၄ဦးနဲ့ ဖွဲ့စည်းထားတဲ့ PassCode အဖွဲ့ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေရဲ့ မိန်းကလေးဆန်ဆန် ချစ်စရာသွင်ပြင်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ hardcore punk ဒါမမဟုတ် heavy metal တို့လို အပြင်းစားဂီတတွေနဲ့ အော်ဟစ်ပြီး သီဆိုဟန်တွေက ပရိသတ်တွေရဲ့အာရုံကို ဆွဲဆောင်ထားပါတယ်။ ဒီဂီတအဖွဲ့ ၂ဖွဲ့ရဲ့ အကြောင်းတွေနဲ့ စတူဒီယိုထဲကနေ တိုက်ရိုက်သီဆိုမှုတွေကို နားဆင်ကြည့်ပါ။ (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

* ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။