Bullet Train နဲ့ Nakanekana တေးဂီတအဖွဲ့များ
ဒီတစ်ကြိမ်မှာလည်း ဂီတအဖွဲ့ ၂ဖွဲ့နဲ့ မိတ်ဆက်ပေးမှာပါ။ ပထမဆုံးမိတ်ဆက်ပေးမှာက သီဆိုသူနဲ့ ဂီတာတီးခတ်သူ နှစ်ယောက်တွဲ Nakanekana ဂီတအဖွဲ့ပါ။ သူတို့က သီချင်းဗီဒီယိုတွေကို အွန်လိုင်းမှာ တင်ရင်းနဲ့ အရမ်းကို နာမည်ကြီးလာတဲ့အဖွဲ့ဖြစ်ပါတယ်။ အွန်လိုင်းမှာ တွေ့ရတဲ့အကြောင်းအရာတွေကို ဟာသနှောပြီး ရေးစပ်ထားတဲ့ သူတို့သီချင်းတွေက လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ဇူလိုင်လမှာ ပွဲဦးထွက် အခွေထွက်ခဲ့ပါတယ်။ ဒုတိယမိတ်ဆက်ပေးမယ့်အဖွဲ့ကတော့ Bullet Train အဖွဲ့ပါ။ ဒီအဖွဲ့ကို အမျိုးသား ၅ဦးနဲ့ဖွဲ့ထားတာ ဖြစ်ပြီး အဖွဲ့ဝင်တစ်ဦးစီမှာ ကျည်ဆံရထားတွဲတစ်တွဲစီကအတိုင်း တွဲနံပါတ် ၂ ကနေ တွဲနံပါတ် ၇အထိ ကိုယ်ပိုင်နံပါတ်တွေရှိပါတယ်။ သူတို့ကို အားပေးတဲ့ ပရိသတ်တွေကိုတော့ သူတို့က “တွဲနံပါတ် ရှစ်”လို့ ချစ်စနိုး နာမည်ပေးပြီး ခေါ်ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာဆိုရင် Bullet Train ရဲ့ အနုပညာသက်တမ်းဟာ ၁၀ နှစ်ပြည့် မြောက်ပြီ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေရဲ့ အကြောင်းတွေနဲ့ သူတို့ရဲ့ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုတွေ နားဆင်ကြရမှာပါ။ (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။