SKE48 နဲ့ SCANDAL ဂီတအဖွဲ့ရဲ့ တေးသီချင်းများ
ဒီနေ့မှာတော့ ဂီတအဖွဲ့ ၂ဖွဲ့ကို မိတ်ဆက်ပေးဖို့ ဖိတ်ခေါ်ထားပါတယ်။ ပထမဆုံး ၂၀၀၈ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးသမီး Pop Idol အဖွဲ့ SKE48 ဖြစ်ပါတယ်။ Nagoya မှာ အခြေစိုက်ပြီး အနုပညာလုပ်ငန်းတွေ လုပ်နေတဲ့ သူတို့အဖွဲ့က အကြီးအကျယ် ရေပန်းစားလူကြိုက်များနေတဲ့ အဖွဲ့ပါ။ သူတို့ရဲ့ single တေးအများစုက ဂျပန့်လူကြိုက်အများဆုံး သီချင်းဇယားမှာ ထိပ်ဆုံးရောက်ခဲ့တာတွေချည်း ပါပဲ။ နောက်ထပ် မိတ်ဆက်ပေးမယ့် အဖွဲ့ကတော့ အမျိုးသမီး ၄ဦးနဲ့ ဖွဲ့စည်းထားတဲ့ SCANDAL ဂီတအဖွဲ့ပါ။ သူတို့အဖွဲ့က ဂျပန်မှာသာမက ပြည်ပနိုင်ငံတွေမှာလည်း လူကြိုက်များတဲ့အဖွဲ့ဖြစ်ပြီး ကမ္ဘာပတ်လို့ တစ်ကိုယ်တော်ဂီတပွဲတွေ ဖျော်ဖြေတင်ဆက်နေပါတယ်။ အခုနှစ်မှာ သူတို့ရဲ့ အနုပညာ သက်တမ်း ၁၅ နှစ်ပြည့် ဂီတပွဲကို ကျင်းပခဲ့ပါတယ်။ ဒီအဖွဲ့တွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေနဲ့ သူတို့ရဲ့ စတူဒီယိုထဲက တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို နားဆင်လိုက်ကြရအောင်။ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

* ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။