အဆိုတော် Kaizo Ryota နဲ့ Matsuri nine ဂီတအဖွဲ့
ဒီတစ်ခေါက် အစီအစဉ်မှာ နာမည်ကြီး အဆိုတော်တစ်ဦးနဲ့ ဂီတအဖွဲ့တစ်ဖွဲ့တို့နဲ့ မိတ်ဆက်ပေးမှာပါ။ ပထမဆုံးကတော့ နိုင်ငံတကာပွဲဖြစ်တဲ့ Karaoke World Championships မှာ အနိုင်ရခဲ့တဲ့ Kaizo Ryota ဖြစ်ပြီး မေဂျာရီကောဒင်းနဲ့ ပွဲဦးထွက်ခဲ့သူ ဖြစ်ပါတယ်။ ထူးခြားတဲ့ အသံနဲ့ သီချင်းဆို ကျွမ်းကျင်မှုတွေကြောင့် Kaizo ဟာ လက်တလော အရည်အချင်းအရှိဆုံး လူငယ်အဆိုတော်တွေထဲက တစ်ဦးအဖြစ်နဲ့ နာမည် ကျော်ကြားနေပါတယ်။ ဒုတိယမိတ်ဆက်ပေးမှာကတော့ အဖွဲ့ဝင် ၄ ဦး ပါဝင်တဲ့ နာဂိုယာအခြေစိုက် ဂီတအဖွဲ့ Matsuri nine ဖြစ်ပါတယ်။ သူတို့က အားမာန်တက်ကြွတဲ့ သီဆိုဟန်နဲ့ အကအလှတွေကြောင့် နာမည်ရလာပြီး အဖွဲ့ဝင်တွေဟာ ရုပ်ရှင်၊ ပြဇာတ်အပါအဝင် ဖျော်ဖြေမှု ပုံစံအမျိုးမျိုးနဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်နေပါတယ်။ ဒီအနုပညာရှင်တွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေ၊ သူတို့ရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို နားဆင်ရမှာပါ။ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။