GARNiDELiA နဲ့ Suzukisuzuki တေးဂီတအဖွဲ့များ
ဒီနေ့မှာတော့ တေးဂီတအဖွဲ့ ၂ဖွဲ့နဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ပထမဆုံး မိတ်ဆက်ပေးမှာက ၂၀၁၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသား-အမျိုးသမီး နှစ်ယောက်တွဲ တေးဂီတအဖွဲ့ GARNiDELiA ဖြစ်ပါတယ်။ သူတို့က anime သီချင်းအများအပြားကို ဖန်တီးထုတ်လုပ်နေပြီး လူကြိုက်များ ရေပန်းစားနေတဲ့ အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။ ဒုတိယ မိတ်ဆက်ပေးမှာက Suzuki Tom နဲ့ Suzuki Seina လို့ခေါ်တဲ့ ညီအစ်ကို ၂ ဦး နဲ့ဖွဲ့စည်းထားတဲ့ Suzukisuzuki အဖွဲ့ပါ။ သူတို့ကတော့ လူမှုကွန်ယက် မီဒီယာ တေးသီချင်း ဗီဒီယိုတွေတင်တာကို အာရုံစိုက်လုပ်ဆောင်နေပြီး လူငယ်ပရိသတ် များစွာရဲ့ အားပေးမှုတွေကို ရရှိထားပါတယ်။ ဒီဂီတအဖွဲ့ ၂ဖွဲ့ရဲ့ အကြောင်းတွေနဲ့ စတူဒီယိုထဲကနေ သူတို့ရဲ့တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို နားဆင်ကြည့်ပါ။ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

* ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။