Angerme and Not Equal ME
ဒီတစ်ကြိမ် အစီအစဉ်မှာတော့ ဂီတအဖွဲ့ ၂ဖွဲ့နဲ့ မိတ်ဆက်ပေးပါမယ်။ ပထမဆုံးကတော့ အဖွဲ့ဝင် ၁၀ဦးပါတဲ့ pop idol အဖွဲ့ Angerme ဖြစ်ပါတယ်။ သူတို့ အဖွဲ့ဟာ အဖွဲ့ ၅ဖွဲ့နဲ့ အဆိုသင်နေဆဲ သူတွေ ပါတဲ့ "Hello! Project,"ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ ဖျော်ဖြေမှု တွေကြောင့် Angerme အဖွဲ့ဝင်တွေက နာမည်ကျော်ကြားပါတယ်။ သူတို့အဖွဲ့ဟာ ပြည်ပမှာလည်း အောင်မြင်တဲ့ ဂီတဖျော်ဖြေပွဲတွေ လုပ်နိုင်ခဲ့ပါတယ်။ နောက်ထပ် မိတ်ဆက်ပေးမယ့်အဖွဲ့က Not Equal ME အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့က HKT48 Pop Idol အဖွဲ့ရဲ့ ပင်တိုင်အဖွဲ့ဝင် Sashihara Rino က ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၂ဦးပါတဲ့ Not Equal ME အဖွဲ့ဟာ ဒီနှစ်ထဲမှာ မေဂျာ ရီကောဒင်းအဆင့်နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ သူတို့အဖွဲ့တွေကို တွေ့ဆုံမေးမြန်းထားတာနဲ့ စတူဒီယိုထဲကနေ တိုက်ရိုက်သီဆိုမှုတွေကို နားဆင်ပါ။

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။