NGT48 and Chris Hart
ဒီကနေ့မှာတော့ ဂီတအဖွဲ့ ၁ဖွဲ့နဲ့ အဆိုတော်တစ်ဦးတို့ကို မိတ်ဆက်ပေးပါမယ်။ ပထမဆုံးက Niigata ခရိုင်မှာ အခြေစိုက်တဲ့ pop idol အဖွဲ့ NGT48နဲ့ပါ။ သူတို့အဖွဲ့ရဲ့ အဓိကလှုပ်ရှားမှုတွေက ဒေသတွင်းလူ့ဘောင်အသိုက်အဝန်းကို ဦးတည်တာဖြစ်ပြီး အားဖြည့်ကူညီဖို့ လုပ်ဆောင်နေပါတယ်။ NGT48 အဖွဲ့က AKB48နဲ့ ညီအစ်မအဖွဲ့ဖြစ်ပြီး နာမည်ကျော်ကြား တဲ့ အဆိုတော်တေးရေးဆရာမ Akimoto Yasushi က စတင် ဖွဲ့စည်းခဲ့တာပါ။ ဒုတိယမိတ်ဆက်ပေးမှာက အမေရိကန်နိုင်ငံသား ဂျပန်သီချင်းတွေ သီဆိုတဲ့အဆိုတော် Chris Hart ဖြစ်ပါတယ်။ သူက အနုပညာအလုပ်တွေကို ၂နှစ်လောက် ရပ်နားလိုက်ပြီးမှ ၂၀၂၀ ပြည့်နှစ်မှာ ဂျပန့်ဂီတလောကကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။ သူတို့နဲ့ တွေ့ဆုံမေးမြန်းထားတာတွေနဲ့ တိုက်ရိုက်သီဆို ဖျော်ဖြေမှုတွေကို နားဆင်ရပါမယ်။

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။