NMB48 and SHISHAMO
ဒီတစ်ပတ် မိတ်ဆက်ပေးမှာက ဂီတအဖွဲ့ ၂ဖွဲ့ပါ။ ပထမဆုံး ဂျပန်အနောက်ပိုင်းက အဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ အိုဆာကာ မှာ အခြေစိုက်တဲ့ pop idol အဖွဲ့ NMB48 ဖြစ်ပါတယ်။ နာမည်ကျော် အောင်မြင်တဲ့ တေးရေးဆရာ Akimoto Yasushi က ဖွဲ့စည်းထားတဲ့ NMB48အဖွဲ့ဟာ AKB48 အဖွဲ့နဲ့ ဂီတညီအစ်မ အဖွဲ့ ဖြစ်ပြီး သူတို့အဖွဲ့ဟာ ဂျပန့်ဖျော်ဖြေရေး လောကမှာ အရေးပါတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်လာနေပါပြီ။ အဲဒီနောက်မှာတော့ အသက် ၂၀ ဝန်းကျင်အရွယ် ကောင်မလေး ၃ဦးနဲ့ ဖွဲ့စည်းထားတဲ့ ရော့ခ် တေးဂီတအဖွဲ့ SHISHAMO နဲ့ မိတ်ဆက်မှာဖြစ်ပါတယ်။ သူတို့ ဆယ်ကျော်သက်အရွယ်မှာတည်းက ဂီတအဖွဲ့အနေနဲ့ ဖျော်ဖြေလာခဲ့ပြီး လူငယ်ပရိသတ်တွေရဲ့ ရင်ကိုဖမ်းစားနိုင်တဲ့ သူတို့ရဲ့ တေးသွားတွေနဲ့ သီချင်းစာသားတွေကြောင့် SHISHAMO အဖွဲ့ဟာ နာမည်ကြီးလာနေပါတယ်။ သူတို့တွေနဲ့ အထူးတွေ့ဆုံမေးမြန်းထားတာတွေနဲ့အတူ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေကို နားဆင်ပါ။

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။