HKT48 ပေါ့ပ် တေးဂီတအဖွဲ့နဲ့ အဆိုတော် MARiA
ဂျပန့်ဂီတနယ်ပယ်က အနုပညာရှင်တွေရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို နားဆင်ရမယ့် အစီအစဉ် ဖြစ်ပါတယ်။ ပထမဆုံး မိတ်ဆက်ပေးမှာက ပေါ့ပ်အိုင်ဒေါအဖွဲ့ HKT48 ဖြစ်ပါတယ်။ သူတို့အဖွဲ့က ဂျပန်အနောက်ပိုင်း ကျူရှူးဒေသရဲ့ အဓိကမြို့တော် Fukuoka မြို့မှာ အခြေစိုက်တဲ့ တေးဂီတ အဖွဲ့ပါ။ နာမည်ကျော် အောင်မြင်တဲ့ တေးရေးဆရာ Akimoto Yasushi က ဖွဲ့စည်းထားတဲ့ AKB48 ရဲ့ ညီအစ်မအဖွဲ့တွေထဲက တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ HKT48 အဖွဲ့ဟာ နာမည်ကြီး သီချင်းတွေကို တစ်ပုဒ်ပြီး တစ်ပုဒ် ထွက်ခဲ့ပါတယ်။ နောက်ထပ် မိတ်ဆက်ပေးမှာကတော့ တစ်ကိုယ်တော်အနုပညာရှင် MARiA ဖြစ်ပါတယ်။ သူဟာ နာမည်ကြီး အနီးမဲ သီချင်းပေါင်းများစွာကို သီဆိုခဲ့တဲ့ နှစ်ယောက်တွဲအဖွဲ့ GARNiDELiA ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ဒီနှစ်ကစပြီး MARiA ဟာ တစ်ကိုယ်တော် အဆိုရှင်တစ်ဦးအဖြစ် အနုပညာလှုပ်ရှားမှုတွေ စတင်ခဲ့ပါတယ်။ အထူးအင်တာဗျူးတွေနဲ့ စတူဒီယိုထဲကနေ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုတွေကို နားဆင်ကြပါ။

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။