ZOC
ဒီတစ်ပတ် မိတ်ဆက်ပေးမယ့် ZOC ပါ။ အဆိုတော် တေးရေးဆရာမ Oomori Seiko ကဖွဲ့စည်းထားတဲ့ pop Idol အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှုတွေက “အထီးကျန်မှုကို အထီးကျန်ဆန်ခွင့်မပြုပါနဲ့” ဆိုတဲ့ အယူအဆအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ အဆိုတော် Oomori က သူဟာ ဒီအဖွဲ့ရဲ့ ထုတ်လုပ်သူတစ်ဦး ဖြစ်ပေမဲ့လည်း အဖွဲ့ဝင်တစ်ဦးလိုပဲ အားလုံးနဲ့အတူ တစ်စိတ်တစ်ဝမ်းတည်းထားပြီး၊ တိုက်ပွဲလဲအတူတူ ပျော်ရွှင်လဲအတူတူ ပါလို့ ပြောပါတယ်။ သူတို့အဖွဲ့ကို အထူးမေးမြန်းထားတာတွေနဲ့ စတူဒီယိုထဲက သူတို့ရဲ့ တိုက်ရိုက်သီဆို ဖျော်ဖြေမှုတွေကို နားဆင်ခံစားကြည့်ပါ။

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။