Namie Joshihatsu Kumiai (Joshihatsu Association Namie)
ဒီတစ်ကြိမ်အစီအစဉ်အတွက် ဧည့်သည်သရုပ်ဆောင်အဖွဲ့ကတော့ Namie Joshihatsu Kumiai (Joshihatsu Association Namie) ဖြစ်ပါတယ်။ သူတို့တွေက ဖူကူရှီးမာခရိုင်၊ နာမိအဲ မြို့မှာ အခြေချပြီး အနုပညာအလုပ်တွေ လုပ်နေတဲ့ ပေါ့ပ် အိုင်ဒေါအဖွဲ့ ဖြစ်ပါတယ်။ အဲဒီမြို့က ၂၀၁၁ ခုနှစ် ဂျပန်အရှေ့ပိုင်းငလျင်ကြီး လှုပ်ခဲ့လို့ ထိခိုက်ပျက်စီးခဲ့တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Sasaki Ayaka ဟာ Namie Joshihatsu Kumiai ရဲ့ ထုတ်လုပ်သူအဖြစ်လည်း လုပ်ပြီး Momoiro Clover Z အမျိုးသမီးအဖွဲ့မှာ လူကြိုက်အများဆုံး အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အနုပညာ လှုပ်ရှားမှုတွေအကြောင်းတွေနဲ့အတူ စတူဒီယိုတွင်း ဖျော်ဖြေမှုတွေကို ဒီအစီအစဉ်မှာ နားဆင်ကြရမှာပါ။

*ယခုအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။