Momoiro Clover Z နဲ့ Da-iCE တေးဂီတအဖွဲ့များ
ဒီအစီအစဉ်မှာ တေးဂီတအဖွဲ့ ၂ဖွဲ့နဲ့ မိတ်ဆက်ပေးမှာပါ။ အဖွဲ့ဝင် ၄ဦးပါတဲ့ Momoiro Clover Z အဖွဲ့ဟာ ဂျပန့်ထိပ်တန်း အမျိုးသမီးဂီတအဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။ သူတို့ဟာ ထူးခြားတဲ့ ဖျော်ဖြေတင်ဆက်မှုတွေကြောင့် နာမည်ကြီးလာခဲ့ပြီး အခုအခါ နိုင်ငံတစ်ဝန်း ပရိတ်သတ်အများဆုံး အဖွဲ့တစ်ဖွဲ့ ဖြစ်နေပါတယ်။ အဲဒီနောက် အဖွဲ့ဝင် ၅ဦးပါတဲ့ အဆိုအကအဖွဲ့ Da-iCE နဲ့လည်း မိတ်ဆက်ပေးဦးမှာပါ။ သူတို့အဖွဲ့မှာ ဂီတသံစဉ် ရှစ်သံတွဲထဲက ၄တွဲအထိ ရောက်အောင် သီဆိုနိုင်တဲ့ အဆိုရှင်တစ်ဦး ပါဝင်တာအပြင် ဂီတအမျိုးအစား တစ်ခုတည်းမကပဲ ဂီတပုံစံအမျိုးမျိုးနဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို သီဆိုနိုင်စွမ်းရှိတဲ့ ဂီတပညာရှင်တွေပါဝင်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ အဲဒီအဖွဲ့တွေနဲ့ တွေ့ဆုံမေးမြန်း ထားတာတွေနဲ့အတူ စတူဒီယိုထဲက တိုက်ရိုက်သီဆိုဖျော်ဖြေတာတွေကိုလည်း နားဆင်ကြရမှာ ဖြစ်ပါတယ်။ 

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။