Miyazawa Kazufumi, BAND-MAID, and Cho Tokimeki♡Sendenbu
J-MELO အစီအစဉ်ကနေ အခုတစ်ပတ်မှာတော့ အနုပညာရှင် ၁ ဦးနဲ့ တေးဂီတ အဖွဲ့ ၂ ဖွဲ့ အကြောင်းကို တင်ဆက်ပေးမှာပါ။ Miyazawa Kazufumi ဟာ ဂျပန်နိုင်ငံမှာ ကိုယ်တိုင် သီချင်းရေးတဲ့ ထိပ်တန်း အဆိုတော်တွေထဲက တစ်ဦး ဖြစ်ပါတယ်။ သူ ကမ္ဘာတစ်ဝန်း ခရီးသွားခဲ့ချိန်က သူကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေအနုပညာအမျိုးမျိုး ကို သူ့ရဲံ့ဂီတမှာ ထည့်သွင်း တီထွင်ဖန်တီး ရေးစပ်ပါတယ်။ BAND-MAID  ကတော့ အမျိုးသမီး ၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ တေးဂီတအဖွဲ့ဖြစ်ပါတယ်။ အနောက်နိုင်ငံက အိမ်အကူ အမျိုးသမီးဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ ဒီအဖွဲ့ဝင်တွေဟာ ချစ်စရာကောင်းပြီး ရော့ခ်အပြင်းစားသီချင်းတွေကို သီဆိုကြပါတယ်။ Cho Tokimeki♡Sendenbu အဖွဲ့ကတော့ အမျိုးသမီး အဖွဲ့ဝင် ၆ ဦးနဲ့ ဖွဲ့ထားတဲ့ အိုင်ဒေါအဖွဲ့ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ နာမည်ကို တိုက်ရိုက် အဓိပ္ပာယ် ပြန်ရမယ်ဆိုရင် "ရင်ခုန်လှုပ်ရှားစရာတွေကို နိုင်ငံတကာကို တင်ပို့တဲ့ အဖွဲ့ "လို့ ဆိုပါတယ်။  သူတို့အဖွဲ့က နာမည်နဲ့လိုက်အောင် တစ်ကမ္ဘာလုံးကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ဖန်တီးပေးတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့တွေနဲ့ အထူးမေးမြန်းချက်တွေနဲ့အတူ စတူဒီယိုတွင်း ဖျော်ဖြေမှုတွေကို နားဆင်ကြရမှာပါ။ 

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။