Sakamoto Fuyumi, Morning Musume。'20, and Bullet Train
ဒီတစ်ပတ်အစီအစဉ်မှာ အနုပညာရှင်အဖွဲ့ ၃ ဖွဲ့နဲ့ မိတ်ဆက်ပေးပါမယ်။ ပထမဆုံး မိတ်ဆက်ပေးမှာက ဂျပန်မှာ ရိုးရာဇာတ်လမ်းသီချင်းသီဆိုသူတွေထဲက ထိပ်တန်းအဆိုတော် တစ်ဦးဖြစ်တဲ့ Sakamoto Fuyumi ပါ။ သူက အန်းက သီချင်းတွေကို သီဆိုရုံတင်မကဘူး ဂီတအမျိုးအစား အမျိုးမျိုးကို သီဆိုနိုင်တဲ့ အရည်အချင်းရှိပါတယ်။ နောက်ထပ်မိတ်ဆက်ပေးမှာက Morning Musume。'20 အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ဂျပန်မှာရော ကမ္ဘာတစ်လွှားမှာ လူကြိုက်များပါတယ်။ နောက်တစ်ဖွဲ့ကတော့ အမျိုးသား ၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ Bullet Train အဖွဲ့ ဖြစ်ပါတယ်။ ကျည်ဆန်ရထားလို့ အမည်ရတဲ့ ထူးခြားတဲ့ ဒီအဖွဲ့မှာ အဖွဲ့ဝင် တစ်ဦးချင်းစီက ရထားတွဲ ၂ ကနေ ၇ ကြား ကိုယ်ပိုင် တွဲနံပါတ်တွေ ပေးထားပါတယ်။ ဒီအစီအစဉ်မှာ တင်ဆက်ပေးမယ့် အနုပညာရှင်တွေနဲ့ အင်တာဗျူးတွေ၊ ပြီးတော့ စတူဒီယိုတွင်း ဖျော်ဖြေမှုတွေကို နားဆင်ကြရမှာပါ။ (၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။