Miyano Mamoru and JO1
ဂျပန်မှာသာမက ကမ္ဘာတစ်ဝန်းမှာပါ အလွန်လူကြိုက်များတဲ့ အာနီးမဲ ရုပ်သံ ဇာတ်လမ်းတွဲတွေထဲက "Mobile Suit Gundam" မှာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ နာမည်ကျော် အသံသရုပ်ဆောင် Miyano Mamoru နဲ့ မိတ်ဆက်ပေးပါမယ်။ အဆိုတော်တစ်ဦးအဖြစ်လည်း လှုပ်ရှားနေတဲ့ သူဟာ ရှိုးပွဲတွေနဲ့ တခြား ပွဲကြီးတွေမှာ သူ့ကို နှစ်သက်တဲ့ ပရိသတ်တွေ ပြည့်လျှံနေအောင် ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ နောက်ထပ်မိတ်ဆက်ပေးမှာကတော့ အမျိုးသား ၁၁ ဦးနဲ့ ဖွဲ့စည်းထားတဲ့ JO1 အဖွဲ့ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအားလုံးဟာ ဆယ်ကျော်သက်နဲ့ အသက် ၂၀ ကြားအရွယ်တွေ ဖြစ်ပြီး သူတို့တွေဟာ ရုပ်မြင်သံကြား အဆိုပြိုင်ပွဲမှာ ပြိုင်ဘက်တွေကို အနိုင်ယူခဲ့ကြသူတွေ ဖြစ်ပါတယ်။ JO1 အဖွဲ့ဟာ ၂၀၂၀ ပြည့်နှစ် မတ်လမှာ ပွဲဦးထွက်ခဲ့ပါတယ်။ သူတို့အဖွဲ့ရဲ့ single သီချင်းခွေအားလုံး ဂျပန်က လူကြိုက်အများဆုံးသီချင်းစာရင်းမှာ ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။ သူတို့တွေရဲ့ သီချင်းတွေကို နားဆင်ရင်း အနုပညာလှုပ်ရှားမှုအကြောင်းတွေ မေးမြန်းထားတာကိုလည်း ကြားသိရမှာပါ။

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။