FANTASTICS from EXILE TRIBE ဂျေပေါ့ပ် အဆိုအကအဖွဲ့ နဲ့ SUPER★DRAGON တေးဂီတအဖွဲ့
ဒီတစ်ပတ် မိတ်ဆက်ပေးမှာက FANTASTICS from EXILE TRIBE ဂျေပေါ့ပ် အဆိုအကအဖွဲ့နဲ့ SUPER★DRAGON တေးဂီတအဖွဲ့တို့ပါ။
ဂျပန်က နာမည်ကြီး အဆိုအကတေးဂီတအဖွဲ့ EXILE အဖွဲ့ဝင် Sato Taiki နဲ့ Sekaiတို့ ဦးဆောင်တဲ့ FANTASTICS from EXILE TRIBE ကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။
SUPER★DRAGON အဖွဲ့ကတော့ အသက် ၁၆နှစ်ကနေ ၂၁ အတွင်း လူငယ်လေးတွေပါဝင်တဲ့ အဆိုအကအဖွဲ့ ဖြစ်ပါတယ်။ သူတို့ကို အထူးမေးမြန်းထားတာတွေနဲ့ စတူဒီယိုထဲက သူတို့ရဲ့ တိုက်ရိုက်သီဆို ဖျော်ဖြေမှုတွေကို နားဆင်ခံစားကြည့်ပါ။
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။