Marty Friedman, Kitagawa Rio (Morning Musume.'20), and Funaki Musubu
J-pop ကာဗာသီချင်းတွေ ပြန်ဆိုထားတဲ့ အနုပညာရှင် ၃ ဦးအကြောင်းကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်မှာမွေးပြီးကြီးလာသူ ဂီတာတီးခတ်သူ Marty Friedman အကြောင်းနဲ့ အရင်စပါမယ်။ သူက ဂျပန်တေးဂီတွေကို သဘောကျနှစ်သက်လာပြီးနောက်ပိုင်းမှာ ဂျပန်နိုင်ငံကို ပြောင်းရွှေ့အခြေစိုက်ခဲ့ပြီး အဲဒီအချိန်ကတည်းက ဖျော်ဖြေမှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒုတိယမြောက် အနုပညာရှင်တစ်ဦးကတော့ Morning Musume.'20 ပေါ့ပ်အိုင်ဒေါအဖွဲ့က အဖွဲ့ဝင် Kitagawa Rio ဖြစ်ပါတယ်။ သူက ဒီအဖွဲ့ထဲကို ပြီးခဲ့တဲ့နှစ်ကမှာ ဝင်ရောက်လာသူ ဖြစ်ပါတယ်။ သူဟာ နိုင်ငံရပ်ခြားဖျော်ဖြေမှုအများအပြားမှာ ပါဝင်လှုပ်ရှားခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ သူ့ကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အများကြီး ရှိပါတယ်။ သူတို့တစ်တွေကို အထူးမေးမြန်းထားတဲ့ အင်တာဗျူးတွေနဲ့ အတူ၊ စတူဒီယိုထဲမှာ ဖျော်ဖြေတဲ့ တေးသီချင်းတွေကို နားဆင်ကြရမှာပါ။
(၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။