WAGAKKIBAND နဲ့ BOYS AND MEN
ဒီတစ်ကြိမ် တင်ဆက်ပေးမှာကတော့ WAGAKKIBAND နဲ့ BOYS AND MEN အကြောင်းပါ။ WAGAKKIBAND တီးဝိုင်းအဖွဲ့ဟာ ရော့ခ် ဂီတနဲ့ ဂျပန့်ရိုးရာ တူရိယာတွေနဲ့ ပေါင်းစပ်ထားတဲ့ ထူးခြား ဆန်းသစ်တဲ့ စတိုင် ပါ။ ဂျပန်မှာ လူကြိုက်များ နေပါတယ်။ အရည်အချင်းရှိတဲ့ ဂီတပညာရှင်တွေပါဝင်တဲ့ ဒီတီးဝိုင်းဟာ ဂျပန် ပြည်တွင်းရော ပြည်ပမှာပါ အောင်မြင်တဲ့ ဖျော်ဖြေပွဲတွေကို ကျင်းပခဲ့ပါတယ်။ အမျိုးသား ၉ ဦး ပါဝင်တဲ့ BOYS AND MEN အဖွဲ့ဟာ သီချင်းဆိုရင်း ကတဲ့ စတိတ်စင်ပေါ်မှာ ဖျော်ဖြေတာတွေ လုပ်နိုင်ပါတယ်။ ဖျော်ဖြေပွဲတစ်ခုကို ပရိသတ် ၂၀,၀၀၀ ကျော် လာအောင် ဆွဲဆောင်ထားနိုင်တဲ့ အဖွဲ့ ပါ။ အဲဒီအဖွဲ့တွေကို အထူးမေးမြန်းထားတဲ့ အင်တာဗျူးတွေနဲ့ သူတို့ရဲ့ စတူဒီယိုတွင်း ဖျော်ဖြေမှုတွေကို နားဆင်ကြရမှာပါ။
(၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။