Mizuki Nana, Hirai Miyo (BEYOOOOONDS) နဲ့ Nojima Kano (SKE48)
ဒီတစ်ကြိမ် J-MELO အစီအစဉ်ကနေ မိတ်ဆက်ပေးမှာကတော့ Mizuki Nana, Hirai Miyo နဲ့ Nojima Kano တို့ဖြစ်ပါတယ်။ Mizuki Nana က ဂျပန်မှာရှိတဲ့ အကောင်းဆုံး အသံသရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်ပြီး လူကြိုက်များတဲ့ အန်းနီးမဲ ဇာတ်ကောင်တွေရဲ့ အသံသရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းရည်ကို အဆိုတော်အဖြစ် ပြသနိုင်ခဲ့ပြီး တိုက်ရိုက်ဖျော်ဖြေပွဲတွေမှာ ကြီးကျယ်ခမ်းနားတဲ့ သရုပ်ဖော်မှုတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားပါတယ်။ Hirai Miyo ကတော့ Beyooooonds အဖွဲ့ဝင်ဖြစ်ပြီး ပေါ့ပ် အဆိုတော်တစ်ဦးဖြစ်ပါတယ်။ သူကတော့ လူကြိုက်များတဲ့ J-pop သီချင်းတွေကို ကာဗာတေးသီးချင်းအဖြစ် ပြန်ဆိုဖို့ ရှိပါတယ်။ Nojima Kano ကတော့ ပေါ့ပ် အိုင်ဒေါအဖွဲ့ SKE48 က ဖြစ်ပြီး နာမည်ကျော် ဇာတ်ဝင်တေးသီချင်းတွေကို ပြန်ဆိုနေသူဖြစ်တဲ့အပြင် နိုင်ငံတကာမှာ ကျော်ကြားတဲ့ အန်းနီးမဲ ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ခံ တေးသီချင်းတွေကိုလည်း သီဆိုသူ ဖြစ်ပါတယ်။ သူတို့တွေကို အထူးတွေ့ဆုံခွင့်ရလို့ မေးမြန်းထားတာ တွေနဲ့အတူ စတူဒီယိုတွင်း ဖျော်ဖြေမှုတွေကိုလည်း နားဆင်ရမှာပါ။
(၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။)

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။